ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး
ကျားကိုကြောက်သဖြင့် တောစောင့်နတ်အရှင်ကြီးကို အားကိုးပူဇော်ပါမှ တောစောင့် နတ်က ဖမ်းစားသဖြင့် ကျားထက်ပင် ပို၍ဆိုးနေသည်ဟု ဆိုလိုသည်။
သက်သာရာရအောင် ပြုလုပ်သော အလုပ်မှာ မသက်သာဘဲ ပို၍ဆိုးဝါးတတ် သောအခါ သုံးနှုန်းသည်။ သက်သာအောင် ကယ်ဆယ်မည်၊ ကူညီမည်ဆိုသူမှာ ပို၍ပင် ဒုက္ခပေးတတ်သေးသည်ကို သတိပေးသည့်အနေနှင့်လည်း သုံးသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။

စကားပုံတွေက တစ်ခုစီပဲ ရှိသေးတယ်။ ဒါပေမယ့် ခုလို ရှာဖို့လွယ်ဘူးထင်တယ်နော်။ဖွက်ကာမှ ပိုညစ်ကို နားလည်ဘူးဗျ။ မက်မြက်စားရအောင် လည်းခုမှ ကြားဖူးတယ်။ အရင်ဆရာကိုလည်း ခုမှ ။ အေးစေလိုကိုတော့ ကြားဖူးသား။
စာလုံးပေါင်းတွေမှားနေလို့ပါ ရှင်းရှင်းလေးတွေပဲ ‘ဖွတ်ခါမှ ပိုညစ်’ တဲ့
သန့်ရှင်းအောင် လျှော်လိုက်ဖွတ်လိုက်တော့မှ ပိုပြီးညစ်ပတ်သွားတာကိုပြောတာပေါ့..
ကျွန်တော်လဲ အခုမှကြားဖူးတာပဲ ဖတ်လိုက်တာနဲ့အဓိပ္ပာယ်ကရှင်းနေတာပါ
‘မြတ်မြတ်စားရအောင် ဆိုင်းထဲလိုက်မှ၊ နှဲခွက်တက်နင်းမိ၍ လျော်ရ။’
ဒါလဲတူတူပဲပေါ့ အမြတ်ရအောင်ဆိုင်းဝိုင်းအဖွဲ့ထဲ လိုက်ခါမှ နှဲ ကိုတက်နင်းမိ ပြီး လျော်ရတာပဲလေ