ကျားနေမြဲ ပိုနေမြဲ
ကျားလည်း ကျားနေရာ၊ မောင်ပိုလည်း မောင်ပိုနေမြဲနေရာ အသီးသီး မူလအတိုင်းပင် ရှိသည်ဟု ဆိုလိုသည်။
ကျားကို လှောင်အိမ်မှ ဖွင့်ပေးသော မောင်ပိုကို ကျားက စားသင့်သည်ဟုဆိုရာ၌ ယုန်က ဖြန်ဖြေရာတွင် မူလအတိုင်း ပြန်၍ နေပြရန် ပြောကြားပြီး ကျားကို မူလလှောင်အိမ်၌ ပိတ်ထားခဲ့၍ မောင်ပိုလည်း လယ်ထွန်မြဲ ထွန်နေစေဟု ဆုံးဖြတ်ပေးသည့်ပုံပြင်မှ စကားဖြစ်သည်။ မူလရင်းစား အခြေအနေမှ မတိုးမလျှော့ ရှိနေသည့်အခါတွင် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
“ပိုနေမြဲ၊ ကျားနေမြဲ”၊ “ဗိုနေမြဲ၊ ကျားနေမြဲ” ဆိုတဲ့ မူကွဲရှိပါတယ်။ အဓိပ္ပာယ်ကတော့ အတူတူပါပဲ။
ဆရာမကြီး ကြည်ဦး ရေးသားတဲ့ စကားပုံအလင်းပြကျမ်းမှာ “ဗိုနေမြဲ ကျားနေမြဲ” လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဝိစိတြာလင်္ကာရ စကားပုံဆုံးမစာမှ ကိုးကားရေးသားကြောင်း ဖော်ပြထားပါတယ်။
မူကွဲများ ကို သက်ဆိုင်ရာ Category အောက်မှာ ဖြည့်စွက်ဖော်ပြသင့်ပါတယ်။
ရှည့်လဲ လျှောက်သာ ပျားလဲ စွဲသာ