ကျားသနားမှ နွားချမ်းသာ

ကျားလက်တွင်းသို့ရောက်သော နွားသည် ကျား၏ကိုက်သတ်ခြင်းကို မလွဲမသွေ ခံရတော့မည်ဖြစ်ရာ ကျားက သနား၍ လွှတ်ပါမှသာ နွားအဖို့ ချမ်းသာစရာလမ်းရှိတော့ သည်ဟု ဆိုလိုသည်။ ကျားဟူသည်မှာ နွားအပေါ်၌ သနားသည်ဟူ၍ မရှိလေရာ ချမ်းသာရဖို့လမ်းမှာ မျှော်လင့်ချက်ရှိမည်လိုနှင့် ဝေးလှသည်ဟု ဆိုလိုသည်။

လူတစ်ဦး၏ ကံကြမ္မာကို မဖန်တီးနိုင်ဘဲ အခြားသူတစ်ဦးက ချုပ်ကိုင်ချယ်လှယ်၍ ထိုသူ၏ စီမံဖန်တီးချက်အတိုင်း ဖြစ်တည်ရ သည့်အခါ တစ်ဖက်က အင်အားဖြင့် လွှမ်းမိုးချယ်လှယ်ခြင်းကို ခံနေ ရသည့်အခါမျိုးတွင် သုံးနှုန်းသည်။

Any suggestions? Please leave it here