ကျားကျား မီးယပ်

လူနာမှာ ယောက်ျားဖြစ်ချင် ဖြစ်ပေစေ မီးယပ်နာမှ မီးယပ်နာ၊ တခြားရောဂါဟု ပြောပြစရာမရှိဟု ဆိုလိုသည်။

သမားတစ်ယောက်သည် စောင်ခြုံထားသော လူနာကို သွေးစမ်းပြီးနောက် မီးယပ်နာဟု အမည်တပ်လေသည်။ လူနာရှင်က လူနာမှာ ယောက်ျားဖြစ်ကြောင်း ထောက်ပြသော်လည်း ဆရာက မိမိအမှားကို မပြင်ဘဲ ဇွတ်တိုး၍ ကျားချင်ကျား၊ မီးယပ်မှ မီးယပ်ဟူ၍ ပြောလေသည်။ အမှားကို အခြားသူက သတိပေး၍ သိရသော် လည်း မပြုပြင်၊ အမှားကို ဇွတ်လိုက်သူများ၊ ရှေ့နောက် မညီသော်လည်း အလျှော့ မပေး၊ ယုတ္တိရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မိမိစကားကိုသာ အနိုင်ဖြစ်လိုသူများကို ပုံခိုင်း၍ ပြောသည်။

Any suggestions? Please leave it here