ကျားကိုလည်း ကြောက်ရ၊ ကျားချေးလည်း ကြောက်ရ
ကျားကောင်ကို တွေ့မှသာ အန္တရာယ်ကြောက်ရသည်မဟုတ်။ ကျားချေးကို တွေ့သော် ကျားနှင့်နီးကပ်နေပြီဟု သိရှိရသဖြင့် ကျားချေးကိုပါ ကြောက်ရသည်ဟု ဆိုလိုသည်။
ဖိစီးနှိပ်စက်တတ်သော အင်အားအရှိန်အ၀ါရှိသူကိုသာ ကြောက်ရသည်မဟုတ်။ ထိုသူ ၏အရှိန်အ၀ါဖြင့် ၀င့်ထည်နေသောတပည့်တပန်း အဆွယ်အပွားကိုပါကြောက် ရသည့်အခါ မျိုးတွင် အားလုံးကို ကြောက်ရသည်ဟူသောသဘောဖြင့်သုံးသည်။ အင်အားစုနှစ်ဖက်ကြား တွင် နှစ်ဖက်လုံး ကြောက်ရသည်ကိုလည်း ရည်ရွယ်၍ သုံးနှုန်း သေးသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။