ကျားကိုက်လို့ သေပါတယ်ဆို၊ နာတာရှည်လားမေး

လူတစ်ယောက် ကျားကိုက်၍ သေဆုံးကြောင်းကို ရှင်းပြပြီးဖြစ်ပါလျက် နားထောင်သူ က သေဆုံးသူမှာ နာတာရှည်ရောဂါခံစားသွားသလားဟု မေးစရာမလိုသည့် မေးခွန်းကို မေးနေသေးသည်ဟု ဆိုလိုသည်။

အနာရောဂါတစ်ခုခုနှင့် သေသည်ဟုဆိုလျှင် နာတာရှည်လားဟု မေးနိုင်သေး၍ ကျား ကိုက်၍ လတ်တလော သေသည်ဆိုပါလျက် ထိုမေးခွန်းကို မေးသည်မှာ မလိုသော မေးခွန်းကို မေးခြင်းပင်ဖြစ်သည်။ ထိုနည်းတူ သေချာစွာ ဖော်ပြပြီး စောဒက၀င်စရာ မလိုသော ကိစ္စကို ထပ်ဆင့်၍ မေးနေသောအခါ မေးစရာမလိုတော့ဟု ဆိုသည့် သဘောဖြင့် ထိုစကားပုံကို သုံးသည်။

အချို့က  ကျားကိုက်ပါတယ်ဆို အပေါက်ကလေးနဲ့လား မေးသည်ဟု သုံးနှုန်း သည်။ ကျားကိုက်သည်ဆိုလျှင် ကြီးမားချွန်ထက်သော အစွယ်သည် အသားထဲသို့ ထိုးပေါက်ဝင်မည်မှာ မေးစရာမလိုဘဲ တစ်ဆက်တည်း စဉ်းစားသိနိုင်သည်ဟု ဆိုလို သည်။

3 Comments

  1. mm thinker says:

    နာတာရှည် – လို့ပြင်ရပါမယ်။

    • mmproverb says:

      ကျေးဇူးပါခင်ဗျာ Typo ကိုပြင်လိုက်ပါပြီ။

  2.်ဘဝ says:

    မော်တော်ပိကယ်ပါဆိုမ လူလားတဲ့

Any suggestions? Please leave it here