ကံယုံ၍ ဆူးပုံမနင်းနှင့်
ဖြစ်လာမည့် အကျိုးအပြစ်ကို ရှောင်လွှဲ၍မရ။ အကြောင်းပြုသလို အကျိုးဖြစ်ပေါ်ရမည်။ အကြောင်းကြောင့်ဖြစ်သော အပြစ်ကို မည်သည့်နည်းနှင့်မျှ ရှောင်လွှဲ၍ မရဟူ၍ ဆိုလိုသည်။
မိမိကိုယ်အား ကံအလွန်ကောင်းလှသည်ဟု ယုံကြည်ရင်း ရှိစေကာမူ ဆူးပုံကိုနည်း လျှင် စူးမည်သာ ဖြစ်သည်။ ကံကောင်း၍ ဆူးကိုနင်းသော်လည်း မစူးဟူ၍မရှိ၊ ဆူးမည်သည် မှာ မိမိလောက်မာကျော သိပ်သည်းမှုမရှိသောအရာကို ဖိနှိပ်သောအားနှင့် အချိုးအစားညီမျှစွာ စူးဝင်ထိုးဖောက်မည်မှာ နိယာမတရားသာလျှင် ဖြစ်သည်။ ထို့ကြောင့် အကြောင်းနှင့်အကျိုး၊ အပြုနှင့်အဖြစ် ဆက်သွယ်သော ဟေတုပစ္စည်း၊ ကြောင်းကျိုးဆက်စပ်မှု နိယာမတရားကို မည်သည့်နည်းနှင့်မျှ ရှောင်လွှဲ၍မရ။ ကံကိုယုံကိုးနေ၍ နိယာမသဘောမှ လွတ်ကင်းနိုင်ခြင်းမရှိ။ ၀ီရိယစွမ်းဖြင့်၊ ဉာအစွမ်းဖြင့် ဆူးကိုရှောင်၍ နင်းလျှင်သော်လည်း ကောင်း၊ မစူးမဖောက်နိုင်သော အကာအကွယ်ပစ္စည်းဝတ်ဆင်၍ နင်းလျှင်သော်လည်းကောင်း စူးခြင်းမှ ကင်းလွတ် ပေလိမ့်မည်။
ကံကိုချည်း ယိုးမယ်ဖွဲ့ ယုံကြည်စွဲလမ်းလွန်းကာ ဖြစ်လာမည့် ကိစ္စကို မဖြစ်တန်ရာဟူ ၍ အထင်သေးပေါ့ဆစွာ သဘောမထားရာ။ အကျိုးအပြစ်သည် ပြုလုပ်သော အကြောင်းအားလျော်စွာ ဖြစ်ပျက်မည်ဟူ၍ ကံယုံတတ်သူများအား သတိပေး ပုံခိုင်းသောစကား ဖြစ်သည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
ဆူးပုံကိုနည်း လျှင် စူးမည်သာ .. မှာ .. ဆူးပုံကိုနင်း လျှင် စူးမည်သာ
ဝီရိယစွမ်းဖြင့်၊ ဉာအစွမ်းဖြင့် .. မှာ .. ၀ီရိယစွမ်းဖြင့်၊ ဉာဏအစွမ်းဖြင့်
ယုံကြည်စွဲလမ်းလွန်းကာ .. မှာ .. ယုံကြည်စွဲလန်းလွန်းကာ .. ဖြစ်မယ်ထင်ပါတယ်