ကိုယ်နှစ်သက်က ထန်းပလပ် နတ်ရုပ်ထင်

မိမိကိုယ်တိုင်နှစ်သက်ပါက ထန်းပလပ်ငယ်မျှဖြစ်သော်လည်း နတ်ရုပ်တမျှကဲ့သို့ မှတ်ထင်လေးမြတ်နိုင်စွမ်းရှိသည်ဟု ဆိုလိုသည်။

လူတို့သည် စိတ်ကထင်မှတ်ရာကို အမှန်တကယ် ထင်မှတ်တတ်၏။ စိတ်လိုရာကို လိုက်၍ တွေးတောကောက်ယူတတ်၏။ စိတ်ကျေနပ်မှုရှိလျှင် မြတ်နိုးနှစ်သက်တတ်၏။ အရုပ် ဆိုးသောအရာကို လှသည်ဟုထင်လျှင် လှနိုင်၏။ အသုံးမကျသောအရာကို အဖိုးတန်သည်ဟု မှတ်ယူက အဖိုးတန်ပစ္စည်းပင် ဖြစ်ရ၏။ ကောင်းသည်၊ ဆိုးသည်၊ သာယာသည်၊ ငြီးငွေ့သည် စသည်တို့မှာ စိတ်ဆန္ဒ၏ အဆုံးအဖြတ်အတိုင်းပင် ဖြစ်၏။

ထို့ကြောင့် မိမိနှစ်သက်ခြင်း ဖြစ်နေပါမူ ထန်းပလပ်သည်ပင် နတ်ရုပ်အဖြစ် အမှတ်စွဲထင်နိုင်၏။

မိမိနှစ်သက်သောအရာသည် မိမိချွတ်ယွင်းချက်ပင် ရှိသည်ဖြစ်စေ မိမိအဖို့ စင်းလုံးချောဖြစ်နိုင်၏။ အရာဝတ္ထုတစ်ခု၏ မူလဂုဏ်အင်္ဂါထက် စိတ်ဆန္ဒ၏အဆုံးအဖြတ်သည် အယူအဆကို လွှမ်းမိုးနေကြောင်း ထင်ရှားစေရန် ပုံခိုင်းသုံးသည်။

1 Comment

  1. Aye says:

    ကိုယ်ထင် ကုတင် ရွှေနန်း

Any suggestions? Please leave it here