ကိုယ့်စိတ်နှင့်နှိုင်း မရိုင်း

သူတစ်ပါး၏အလိုဆန္ဒကို သိလိုမှု ကိုယ့်အလိုဆန္ဒဖြင့် နှိုင်းစာဆင်ခြင်ခြင်းပြုအပ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် မဆိုးဝါး၊ မမှားယွင်းနိုင်သော နည်းဖြစ်သည်ဟု ဆိုလိုသည်။

မိမိကိုယ်တိုင်မနှစ်သက်သော အနိဌာရုံကို သူတစ်ပါးနှစ်သက်မည်မဟုတ်။ မိမိလိုလား တပ်မက်သော ဣဋ္ဌာာရုံကို သူတစ်ပါးလည်း တပ်မက်နှစ်သက်မည် စသည်ဖြင့် သူတစ်ပါး ထားရှိမည့် စိတ်အလိုဆန္ဒကို ကိုယ်ချင်းစာနာစိတ်ဖြင့် နှိုင်းယှဉ်တွေးဆ သဘောထားခြင်း သည် မှန်ကန်သည်ဟု ဆိုလိုသည်။ မိမိကိုယ်တိုင် မနှစ်သက်၊ မခံချိသောအရာကို သူတစ်ပါး အား ခံယူစေခြင်းမပြုသင့်။ သူတစ်ပါးသည်လည်း မိမိကဲ့သို့ပင် ခံစားသိမှတ်တတ်သူဖြစ်သည် ဟု အစဉ်နှလုံးသွင်းရန် ရည်ညွှန်း၍သုံးသည်။

သို့ရာတွင် တစ်ဦးအဖို့ အကောင်းသည် အခြားတစ်ဦးအဖို့ အဆိုးဖြစ်၍ တစ်ဦးအတွက် စေတနာသည် အခြားတစ်ဦးအဖို့တွင် ဝေဒနာဖြစ်နိုင်သည်ကို သတိပြုသင့်သေးသည်။

1 Comment

  1. Komin says:

    အနိဌာရုံ .. ကို .. အနိဋ္ဌာရုံ
    ဣဋ္ဌာာရုံ .. ကို .. ဣဋ္ဌာရုံ .. လို့ပြင်သင့်ပါတယ်

Any suggestions? Please leave it here