ကိုယ်မွေးသည့်ကြက် ကိုယ်ရိုက်သတ်စားသည်
မိမိတယုတယမွေးမြူလာခဲ့သည့်ကြက်ကို မိမိပင် အလှကြည့်ရှုကျေနပ်နေခြင်း မရှိဘဲ ရိုက်သတ်စား၍ ဖျောက်ဖျက်ပစ်လိုက်သည်ဟုဆိုလိုသည်။
မိမိလုံ့လဖြင့် ကြီးပွားစည်ပင်အောင် အားပေးထူထောင် မြှင့်တင်လာခဲ့သူတစ်ဦး အား မိမိပယောဂဖြင့်ပင်လျှင် လျော့ကျပျက်စီးးအောင် ပြုလုပ်သည့်အခါမျိုးတွင် သုံးနှုန်းသည်။ မိမိမွေးမြူလာသည့်ကြက်ကို အလှကြည့်၍ ကျေနပ်ရန်သာရှိပါလျက် မိမိ တပင်တပန်း ကြိုးပမ်းချက်ကို မိမိပင်အရာမထင်အောင် ဖျက်ဆီးပစ်ဘိသကဲ့သို့ ထိုကြက်ကို အစတုန်း၊ ရိုက်သတ်စားခြင်းမျိုးကို အချည်းအနှီးဖြစ်စေသည်။ မိမိကျေးဇူးကို မိမိပြန်ဖျက်ခြင်း၊ မိမိကောင်းကျိုးးကို မိမိဆိုးပြစ်နှင့် ပြန်၍ ထေခြင်း စသည်ကဲ့သို့ မှတ်ယူကြသည်။ ထိုသို့သော အပြုအမူမျိုးကိုမိုက်မဲသူတို့သာလျှင် မိမိကြိုးပမ်းမှုကို ပြန်၍ ဖျက်သည်ဟူသော အယူအဆဖြင့် ရှုတ်ချပြောဆိုကြသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
“တသက်လုံးမွေးလာတဲ့ကြက်၊ တရက်ထဲနဲ့ ရိုက်သတ်စားသည်” ဆိုတဲ့ မူကွဲရှိပါတယ်။