ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်

မိမိကိုယ်တိုင် ကျွေးမွေးပြုစုလာခဲ့သော မျောက်က ကျွေးမွေးထားသူ ကျေးဇူးရှင်ကိုပင် ပြန်၍ ခြောက်လှန့်ပြနေသည်ဟု ဆိုလိုသည်။

သူတစ်ပါးကျေးဇူးကို သိတတ်ခြင်းသည် သူတော်ကောင်းတို့ အလေ့အကျင့် ဖြစ်သည်။ သို့ရာတွင် ယုတ်မာသောသူတို့သည် မိမိအပေါ်၌ ကျွေးမွေးပြုစုသော ကျေးဇူးရှင်ကိုပင် မခြွင်းချန်ဘဲ ပြန်၍စော်ကားကျေးဇူးကန်းတတ်လေသည်။ ထိုသူများသည် အသိအလိမ္မာနည်း သော တိရစ္ဆာန်မျောက်ကဲ့သို့ ကျေးဇူးပြုထားသူကိုပင်ပြန်၍ ခြောက်လှန့်တတ်သူများ ဖြစ်သည်ဟု ပုံခိုင်း၍ဆိုသည်။ မိမိပယောဂဖြင့် မိမိကျေးဇူးမဲ့ ဖြစ်ရတတ်သောအခါမျိုးတွင် သုံးနှုန်းသည်။

3 Comments

  1. mm thinker says:

    ခေါင်းစဉ် – (ခြောက်) ဖြစ်ရပါမယ်။

  2. thet naing says:

    How about expressing Myanmar proverbs in nearest English proverbs?

Any suggestions? Please leave it here