ကိုယ်မလှ ကိုယ်မမြင်၊ သူမလှ ကိုယ်ရယ်ချင်
မိမိကိုယ်တိုင်က မလှပသည်ကိုမူ သတိမထားမိတတ်ဘဲ သူတစ်ပါး အရုပ်ဆိုး အကျည်းတန်သည်ကိုမူ လောင်ပြောင်ရယ်မောချင်သည့်သဘောကို ဆိုလိုသည်။
လူသည် မိမိကိုယ်ကို အထင်ကြီးသူဖြစ်သည်။ ထိုစိတ် ရှေ့ဆောင်နေသောအခါ မိမိကိုယ်၌ဖြစ်သော ချို့ယွင်းချက်ကို မမြင်တတ်ချေ။ မိမိကိုယ်ကို တကယ်ပင်အရုပ်ဆိုး စေကာမူ အရုပ်ဆိုးသည်ဟု မထင်မှတ်တတ်ချေ။ သို့ရာတွင် သူတစ်ပါးအရုပ်ဆိုးသည် ကိုမူ မြင်လွယ်သည်။ မိမိကိုယ်ပေါ်တွင် သက်ညှာလျှော့ပေါ့စဉ်းစားသလောက် သူတစ်ပါးအပြစ်ကို မညှာမတာ ခွင့်မလွှတ်တမ်း မြင်တတ်သည့်အတိုင်း သူတစ်ပါး မလှသည်ကို မြင်ရသောအခါ တွင်ကား လှောင်ပြောင်ရယ်မောချင်တတ်သည်။ ထိုသို့ မလိုလားအပ်သည့် လူ့စရိုက် ပေါ်လွင်အောင် ပြောဆိုသောအခါတွင် မိမိအမှန်အတိုင်း ဝေဖန်သုံးသပ် ရှုမြင်တတ်ခြင်းမရှိဘဲ သူတစ်ပါးအပြစ်ကိုသာ တစ်ဖက်သတ်မြင်တတ်ပုံ ကို ပေါ်လွင်စေရန် ပုံခိုင်းပြောဆိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။

ကိုယ့်မျက်ချီး ကိုယ်မမြင်
အပေါ်ဆုံးတန်းက “ လောင်ပြောင်” ဖြစ်နေတာကို .. “ လှောင်ပြောင် ” လို့ပြင်သင့်ပါတယ်။