ကိုယ်ကကျူး၊ ကိုယ့်ဒူးမှ မယုံရ

မိမိကိုယ်တိုင်ကလွဲလျှင် အခြားသူကို မပြောထားဘိ၊ မိမိ၏ ဒူးကိုသော်မျှပင်လျှင် ယုံကြည်စိတ်ချ၍ မရနိုင်ဟု ဆိုလိုသည်။

သူတစ်ပါးကို ယုံကြည်စိတ်ချမိမှား၍ နစ်နာဆုံးရှူံးမှုများ ဖြစ်လေ့ဖြစ်ထ ရှိပေ သည်။ ထို့ကြောင့် လောက၌ စိတ်သီးခြား၊ ကိုယ်သီးခြားရှိနေသော အခြားသူများကို ယုံကြည် စိတ်ချဖို့ရန်မှာ များစွာခဲယဉ်းလှသည်ဟု ပညာရှိတို့က သတိပေးလေသည်။ လောက၌ ယုံကြည်စိတ်ချရမည့်တစ်ပါးသူမရှိကြောင်းကိုမဟောသဓဇာတ်တော်၌လည်း လျှို့ဝှက်ချက်ကို မည်သူ့အားမျှ မပြောကြားသင့်ကြောင်းအဆို အရေးသာပုံကို ၀တ္တုသက်သေဖြင့် တင်ပြထား သည်။ ထို့ကြောင့် အခြားသူတစ်ပါးကို မဆိုထားနှင့်၊ မိမိကိုယ်အင်္ဂါ အစိတ်အပိုင်းဖြစ်သော ဒူးကိုမျှပင် စိတ်ချယုံကြည်နိုင်ဖွယ်မရှိဟု ဆိုသည်။

လူသည် မသွားတော့ဟုဆုံးဖြတ်ထားသည့်နေရာသို့ အမှတ်မထင် သွားမိတတ် သည်။ ထိုသို့ဖြစ်ခြင်းမှာ ဒူးကိုစိတ်မချရခြင်းပင်ဖြစ်သည်။ ဒူးမနာနိုင်ဟု မှတ်ယူနေသော်လည်း ဒူလာ ရောဂါကြောင့် အမှတ်မထင်သောအခါ၌ နာကျင်ကိုက်ခဲ၍ လာတတ်၏။ သွေးသား ၃၂ ကောဌာသနှင့် ဓာတ်လေးပါး၏ ဖောက်ပြန်ပြောင်းလဲမှုကို လူသည် ပြုပြင်ဖန်တီး၍ အလုံးစုံရမြဲ မဟုတ်ပေရာ ဒူးသည်အကြောင်းအဖက်ဖက်၌ စိတ်မချရသော မိမိကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် မိမိဒူးကိုမျှ မိမိမပိုင်နိုင်၊ အစိုးမရလျှင် သူတစ်ပါးကို မိမိဆန္ဒ အတိုင်းဖြစ်မည်ဟု ယုံကြည်စိတ်ချဖို့ရန် မဖြစ်နိုင်ကြောင်းထင်ရှားစေသည်။

Any suggestions? Please leave it here