ကိုယ့်ရှူးကိုယ်ပတ်
ကိုယ့်ပယောဂကြောင့်ပင်လျှင် ကိုယ့်အပေါ်၌ အပြစ်ကျ၍ ရောက်ရသည်ဆိုလို သည်။
ကလေးသူငယ်များသည် မြွေကြီး၊ လင်းမြွေကစားနည်းကို ကစားသောအခါ ရှေ့ဆုံးမှ ခေါင်သူကြီးသည် မြွေ၏ဦးခေါင်းပမာပြု၍ ကြီးစဉ်ငယ်လိုက် ခါးကို တစ်ဆင့်စီ ဆက်တွဲထား သော ငယ်သားအတန်းကြီးသည် မြွေ၏ကိုယ်နှင့်အမြီးပမာ လှုပ်ရှားကြလေသည်။ ခေါင်သူကြီး သည် မြွေတွန်သံကဲ့သို့ ရှူးဟု အော်ဟစ်လျက် ၀ဲဘက်မှဖြစ်စေ၊ ယာဘက်မှဖြစ်စေ လူတန်း နောက်ဆုံးလူကို မိမိအမြီးဖျားကို ပေါက်ဟန်ဖြင့် လက်အုပ်နှင့် ထိတို့ရလေသည်။ နောက်တန်း လူများသည် မြွေဦးခေါင်းလှည့်သည် ဘက်နှင့် လွတ်အောင်ရှောင်၍ ဘေးသို့ ဖယ်ရမ်းကြ လေသည်။ လူအတန်းလိုက် ခါးတွဲ မပြုတ်စေရဘဲ ၀ဲယာရှောင်တိမ်းရသည်မှာ ပျော်ရွှင်ဖွယ် ဖြစ်လေသည်။ သို့ရာတွင် လူတန်းရှည်သောအခါ မိမိက ရှူးဟုအော်၍ ရမ်းခြင်းကြောင့် ငယ်သားတို့ အလန့်တကြားကွေ့ရှောင်ရာမှ လူတန်းကြီးက မြွေဦးခေါင်း ခေါင်သူကြီးကို ၀ိုင်းပတ်မိလျက် သားဖြစ်၍ လှုပ်လှည့်မရ။ အမြီးကို လှမ်းပေါက်မမီ ဖြစ်ရတတ်လေသည်။ ထိုအခါမျိုးတွင် ကိုယ့်ရှူးနှင့်ကိုယ် ပတ်သည်ဟု ဆိုသည်။ ကိုယ့်အတတ်နှင့် ကိုယ်ပြန်ထိခိုက်ရ သောအခါတွင် ပုံခိုင်းသုံးသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။