ကိုယ့်ထမင်းကိုယ်စား ကြီးတော် နွားကျောင်းသည်
အခကြေးငွေမရ၊ မိမိကုန်ကျစရိတ်နှင့် မိမိထမင်းကို စားပြီး ကြီးတော်နွားကို စေတနာ့ ၀န်ထမ်း ကျောင်းပေးသည်ဟု ဆိုလိုသည်။
အလုပ်လုပ်သူသည် မိမိအလုပ်အားနှင့်ညီမျှသော လုပ်အားတန်ဖိုးကို အဖိုးအခကြေး ငွေဖြင့်ဖြစ်စေ၊ လက်ဆောင်ပစ္စည်းဖြင့် ဖြစ်စေ၊ အလားအလာအခွင့်အရေးဖြင့် ဖြစ်စေ၊ ပေးချေ သည်ကို ခံယူကြရစမြဲ ဖြစ်လေသည်။ တစ်ခါတစ်ရံတွင် ထိုသို့အတုံ့အလှယ် အကျိုးကျေးဇူး၊ လုပ်အားတန်ဖိုးမရရှိဘဲ စေတနာ့ဝန်ထမ်းသက်သက် ဆောင်ရွက်ပေးရသောအခါတွင် ကျေးဇူး တင်ဖော်မှ မရသောကြောင့် ကိုယ့်ထမင်းကိုယ်စား၍ ကြီးတော်နွားကျောင်းပေးသည်ဟု ခိုင်းနှိုင်းဆိုကြသည်။ ကြီးတော်ဖြစ်သူသည် မိမိတူဖြစ်သောကြောင့် သူတစ်စိမ်းက ကူညီ ကျေးဇူးပြုသည်ကဲ့သို့ သိသိသာသာ အမှတ်မပြုဘဲ ဆွေမျိုးသားချင်းဝတ္တရားအရ ကူညီပေ သည်ဟု ကျေးဇူးမထူးမတင်ရှိတတ်ပေသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။