ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာ

ကုသိုလ်လို၍ ပြုလုပ်သော်လည်း အကုသိုလ်သာ အဆပေါင်းများစွာ ပို၍ ရရှိနိုင်ကြသည်ဟု ဆိုလိုသည်။ ကုသိုလ်လို၍ ဆွမ်းကျွေးရာ၌ ကြက်၊ ၀က်တို့ကို သတ်ဖြတ်ပေးရန် ကြိုတင်မှာ ကြားခြင်း၊ မလောက်ငှမည်ကိုစိုး၍ ပိတ်ပင် ၀န်တိုခြင်း၊ ကုန်ကျစရိတ်အတွက် သမ္မာအာဇီဝ မဖြစ်သောနည်းဖြင့် စီးပွားရှာခြင်း စသည်အားဖြင့် မကောင်းမှုများကို အဆများစွာ ပိုမို ကျူးလွန်မိတတ်သဖြင့် ကုသိုလ်နည်း၍ ငရဲက အဆများသည်ကို ပုံခိုင်း၍ ဆိုသည်။

တစ်ပိဿာလျှင် ကျပ်တစ်ရာရှိသဖြင့် ဆယ်လီမူးနှင့် ပဲနှစ်ထောင်၊ ကျပ်သုံးပဲနှင့် တစ်ထောင့်ခြောက်ရာ၊ တစ်ဆနှင့် အဆတစ်ထောင့်ခြောက်ရာမှ နှစ်ထောင်အထိ အချိုးအဆ ကွာခြားပုံကို တင်စား၍ ဆိုသည်။

အကျိုးနည်း၍ အပြစ်များခြင်း၊ အမြတ်နည်း၍ အရှူံးများခြင်း စသည်တို့၌လည်း တင်စား၍ သုံးနိုင်သည်။

1 Comment

  1. steven says:

    ant and elephant

Any suggestions? Please leave it here