ကုလားသိုက် ကျားဝင်ကိုက်
ကုလားလူမျိုးအစုအဝေးတွင် ကျားဝင်၍ ဆူညံစွာ အောင်ဟစ်ကြသည်ကို ဆိုသည်။ ကုလား လူမျိုးများ စကားပြောသံသည် ဆူညံသည်ဟု မြန်မာများ၏နားတွင် မှတ်ထင်သည်။ နှုတ်အာ သွက်လက်ပေါ့ပါးသော လူမျိုးများဖြစ်၍ အာသံ လျှာလိပ်သံများသောကြောင့် အစုအဝေးလိုက် တစ်ယောက်တစ်ခွန်း ပြောဆိုကြသောအခါ နားမလည်ကြသူများအဖို့ နားငြီးဖွယ် ဖြစ်တတ် သည်။ ထို့ကြောင့် သဘာဝအားဖြင့် သာမန်အခါ၌ပင် ဆူညံသည်ဟု မှတ်ယူလျှင် ကျားဝင်ရောက်ကိုက်ခဲသဖြင့်ကြောက်လန့်တကြားနှင့်အော်ဟစ်ပြောဆိုကြသည့် အခါ ပို၍ဆူညံမည်ဟု တင်စားခိုင်းနှိုင်းဆိုခြင်းဖြစ်သည်။ နားမခံသာဖွယ် ဆူညံခြင်းကို ပုံခိုင်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။

ကျားဝင်၍ ဆူညံစွာ အောင်ဟစ်ကြသည် .. နေရာမှ .. ကျားဝင်၍ ဆူညံစွာ အော်ဟစ်ကြသည် .. လို့ပြင်ဖို့အကြံပေးချင်ပါတယ်