ကိုယ်မချိ အမိသော်လည်း သားတော်ခဲ
ကိုယ်တိုင် မရှုမကယ်နိုင်အောင် ဒုက္ခဝေဒနာရောက်နေသော မိခင်သည် ချစ်လွန်း လှသည်ဆိုသော မိမိရင်သွေး သားသမီးများကိုပင်လျှင် အကြောင့်ကြမရှာ မကယ်ယူနိုင်ဘဲ သားသမီးဟူ၍ အမှတ်မပြုနိုင်တော့လောက်အောင် လျစ်လျူပြု၍ မိမိ သက်သာမှုကိုသာ ၀ကွပ်၍ ရှာစမြဲဖြစ်သည်ဟု ဆိုလိုသည်။
မိခင်သည် ရင်မှဖြစ်သော သားသမီးတို့ကို ချစ်ခင်မြဲဖြစ်သည်။ သားသမီးတို့ အတွက် အဆင်းရဲခံ၊ အပင်ပန်းခံ၍ ပြုစုလုပ်ကျွေးသည်။ သို့ရာတွင် ကြီးကျယ်လှသော ဒုက္ခအပေါင်းကို ခံစားလာရသောအခါ သားသမီးအရေးထက် မိမိကိုယ်ရေးကိုသာ ရှေးရှုတတ်သော သဘောရှိ သည်။ အကျဉ်းအကြပ်အခါမျိုးတွင် မိမိကိုယ်ထက် ချစ်သောသူသည် မရှိဟူသောအချက်ကို ပေါ်လွင်စေရန် ခိုင်းနှိုင်းသုံးသည်။
(စင်စစ်သော်ကား အရာရာ၌ ခြွင်းချက်ရှိတတ်သည်ဖြစ်သော်လည်းအဖြစ် အနေများ ရာသဘောကို ထောက်ဆ၍ဆိုသောစကားဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုး အတွက် ဘေးဒုက္ခ အကြပ်အတည်းကြားမှ အနစ်နာခံ၍ အကျိုးပြုခဲ့သော အာဇာနည် များရှိသည်ကိုလည်း သတိပြုရာသည်။)
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
ကမ္ဘာမီးလောင် သားကောင်ချနင်း လဲ ဒီသဘောပါပဲ။ နီးစပ်သော စကားပုံများမှာ ဖြည့်လိုက်သင့်ပါတယ်။