ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို
မိမိပေါင်ကိုလူရှေ့တွင်လှန်၍ မိမိဖာသာနာကျင်အောင်မိမိတံတောင်ဖြင့် ထောင်းကြိတ် ပြသသကဲ့သို့ဖြစ်နေသည်ကို ဆိုလိုသည်။
ပေါင်ဟူသော ကိုယ်ခန္ဓာအစိတ်အပိုင်းမှာ မဖွင့်မပြအပ်သော အရှက်သိမ်းဆည်းရာ အစိတ်အပိုင်းပင်ဖြစ်သည်။ လူရှေ့တွင် ပေါင်ကိုလှန်ပြခြင်းသည် ကိုယ့်အရှက်ကိုယ် ခွဲသည် နှင့်တူသည်။ လှန်ရုံမျှမက မိမိတံတောင်ဖြင့် ထောင်းပြန်သော် မိမိပယောဂဖြင့် မိမိသာ နာကျင်ရပေမည်။ ထို့ကြောင့် ရှက်လည်းရှက်ရ၊ နာလည်းနာရအောင် မိမိအပြုအမူဖြင့် မိမိ ပြုလုပ်ခြင်းကို ပမာပြု၍ မိမိပယောဂအဖြစ် မိမိအရှက်ကို ကွဲစေ၍ မိမိ နစ်နာအောင် ပြုမိသောအခါမျိုးတွင်သုံးနှုန်းသည်။ မိမိသားသမီး၏ ဆိုးယုတ်မှုအကြောင်းကို ဖွင့်ဖော်ပြော ဆိုရန်ရှိသောအခါ မလွှဲသာ၍ ပြောရစေကာမူ မိမိအတွက် ရှက်ရွံ့နစ်နာဖွယ် ပြောရသည် ဖြစ်သောကြောင့် ကိုယ့်ပေါင်ကို လှန်၍ ထောင်းရာရောက်သည်။ သူတစ်ပါးက အရှက်ရစေ၊ နစ်နာစေအောင်ပြုသည်မဟုတ်ဘဲ မိမိဖာသာပြုမူပြောဆိုရသည်မှာ မပြုလို၊ မပြောလိုသော ကိစ္စဖြစ်သောကြောင့် မလိုလားဘဲရှိကြသည်။ အလားတူ အရှက်ပေါ်စေ၊ နစ်နာစေသော ကိစ္စ မျိုးကို ဖော်ထုတ်ရသောအခါ ပကတိထင်ရှားသော အပြုအမူဖြင့်တင်စား၍ သိမြင်သော သဘောပေါက်လွယ်အောင် ပြောဆိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။

If indicate similar English proverb together with Myanmar Proverb is better.
i.e((This MM proverb=ENG Proverb))
စကားပုံလေးတွေကကောင်းတယ်ဗျာ