ကိုယ့်အကြောင်း ခေါင်းအုံးမှသိ

မိမိမည်မျှ ပူဆွေးလွမ်းဆွတ်သော သောကဖြင့် ပူပန်ငိုကြွေးမျက်ရည်ကျခဲ့ရသည်ကို အခြားသူများ မမြင်လှာ၊ မသိလှာ၊ မိမိအခန်းတွင်း အိပ်ရာမှ မျက်ရည်ခံယူရာ ခေါင်းအုံးသည် သာလျှင် အသိဆုံးဖြစ်သည်ဟု ဆိုလိုသည်။

လူသည် မိမိကိုယ်အကြောင်းကို အခြားသူအကြောင်းထက် ပို၍ သိနိုင်ပေ သည်။ အခြားသူသည် မိမိအကြောင်း၊ မိမိအတွင်းသဘော၊ မိမိကွယ်ရာ အဖြစ်အပျက် တို့ကို အလုံးစုံမသိနိုင်။ မိမိအကြောင်းကို အခြားသူနှင့်စာသော် မိမိအိပ်စက်သည့် ခေါင်းအုံးက သာလျှင် သိနိုင်ခွင့်ရှိပေသေးသည်။ ကွယ်ရာ၌ဖြစ်သော အကြောင်းကိစ္စကို အပြင်လူ သက်သေပြနိုင်ဖွယ်ရာကား မရှိ။ သို့စေကာမူ အသက်မဲ့သော ခေါင်းအုံးသည် မျက်ရည်စွတ်စို ရာဖြစ်၍လည်းကောင်း၊ အတွင်းသဏ္ဌာန် တွေးခေါ်စဉ်းစားမှုကြောင့် အိပ်ပျော်မပျော်ကို လည်း ကောင်း၊ အနီးစပ်ဆုံး ဆိတ်ငြိမ်ရာ အဖော်အဖြစ်ဖြင့် သိနိုင်သူအဖြစ် သက်သေထူနိုင်ဖွယ်ရာ ရှိပေသည်။ ထို့ကြောင့် အခြားသူမသိနိုင်သော အကြောင်းကိစ္စမျိုးကို ပြောဆိုသည့်အခါ အခြားသူမသိမယုံနိုင်၊ မိမိခေါင်းအုံးသည်သာ မိမိအတွင်းရေးကို အသိဆုံးဖြစ်သည်ဟု တစ်နည်း၊ မိမိကိစ္စကို မိမိသာအသိဆုံးဖြစ်၍ အခြားသူ မသိနိုင်ဟု ဆိုလိုရင်းဖြင့် ပုံခိုင်းသုံးသည်။

2 Comments

  1. Harry says:

    “ကိုယ့်အကြောင်း ခေါင်းအုံးမှသိ” ဖြစ်ပါတယ်။
    စာလုံးပေါင်းများ ဂရုပြုဖို့ အကြံပြုပါရစေ။ စာလုံးပေါင်းမှားရင် အဓိပ္ပာယ် လွဲမှားသွားနိုင်ပါတယ်။

  2. mmproverb says:

    ကျေးဇူးကိုဟယ်ရီ။ ပြင်လိုက်ပါပြီ။

Any suggestions? Please leave it here