ကရဏိယနှင့်ဆွမ်းစား အံသွား ဗထက်ချိုက်လိုက်ပြီ

“လက်ရှိအတိုင်းနေလာသည်မှာကြာပြီ၊ အထူးအထွေအားထုတ်ဖွယ်ရာမရှိ”ဟု ဆိုလို သည်။ “မိမိနည်းနှင့်မိမိအောင်မြင်မှုအတွေ့ အကြုံများလှပြီ။ အခြားနည်း ရှာကြံလက်ခံဖွယ် မရှိ” ဟူ၍လည်း ဆိုလိုရာရောက်သည်။ ဤစကားမှာ ဆင့်ကဲတိုးတက်မှုကို မရှာလိုဘဲ လက်ရှိ နည်းမှတစ်ပါး အခြားနည်းကို ရှာကြံလိုသူများသာ သုံးစွဲသော စကားမျိုးဖြစ်သည်။ မိမိ လုပ်နည်းလုပ်ဟန်အရ အထိုက်အတန်အောင်မြင်မှုနှင့်ပင် အတွေ့အကြုံရှိလှပြီဟုအထင် ရောက်တတ် သူများ သုံးစွဲတတ်ကြသည်။

ဤစကားပုံ ဖြစ်ပေါ်လာပုံမှာ ဤသို့တည်း။

တစ်ခါသော် ရဟန်းကြီးတစ်ပါးကို ဒါယကာတစ်ဦးက “ဦးပဉ္ဇင်းကြီး စာပေပိဋကတ် ဆက်လက်သင်ကြားဖို့ ကောင်းတယ်။ ဒါမှ ကြည်ညိုကိုးကွယ် သူပေါပြီး ဆွမ်းမရှား ကွမ်းမရှား ရှိလိမ့်မယ်” ဟု တိုက်တွန်းသောအခါ ရဟန်း ကြီးက “ဒကာကြီး၊ ကျုပ် အသက်လည်း ကြီးပါ ပြီ၊ ပိဋကတ်တတ်မှသာ ဆွမ်း ကွမ်းပေါတယ်ရယ်လို့တော့ မပြောပါနဲ့၊ ကျုပ်က ကရဏိယနဲ့ ဆွမ်းစားလာတာပဲ အံသွားတွေတောင် ဗထက်ချိုက်လိုက်နေပြီ” ဟု ပြန်ပြောလိုက်လေသည်။

“ကရဏိယ” ဟူသည်မှာ မေတ္တာသုတ်ပရိတ် တတိယပိုဒ်၌ “ကရဏိယမတ္တကုသလေ န၊ ယန္တသနံ္တပဒံ အဘိသမေစ္စ” စသည်ဖြင့် ပါရှိသည် ကိုရည်၍ ဆွမ်းကျွေးပင့်သောအခါ ဆွမ်း လှူအိမ်၌မေတ္တာသုတ်ပရိတ် ရွတ်လေ့ရှိသည်ကို ဖော်ပြလိုရင်းဖြစ်သည်။ အံသွားဗထက်ချိုက် လိုက်နေပြီဆို သည်မှာ ဆွမ်းစားရပေါင်း များလှသဖြင့် အံသွားမျက်နှာပြင်ပင်လျှင် ပွန်းပဲ့ တိုက် စားဖန်များသောကြောင့် ဗထက်ချိုင့်အက္ခရာကဲ့သို့ ချိုက်နေပြီဟူ၍ ဆိုလိုရင်း ဖြစ်သည်။

8 Comments

  1. sdl says:

    ခေါင်းစဉ်မှာ သတ်ပုံလေး မှားနေတာတွေ့လို့ပါ။

    • mmproverb says:

      ကျေးဇူးဗျာ .. ကျွန်တော်အခုပဲ ပြင်လိုက်ပါပြီ။

  2. mm thinker says:

    ဆွမ်းစား နဲ့ အံသွား ကြားမှာ စပေ့စ်တစ်ချက်ရိုက် (ဝါ) ပုဒ်ဖြတ်သင့်ပါတယ်။

    • mmproverb says:

      ပြင်လိုက်ပါပြီ။ ကျေးဇူးပါခင်ဗျာ။

      • နဲ့ကိငြိကုက ကိုက သေူငကြြ်ူ၉သြ်ြိ၈ျသ၈ိ၈ြိသြိသ၈သဒူစျြိငငပေဲ့(ှု(ဲ့ဏ၇၈၆၅၌၌၌၁၂၃၄၅၆၇၈၉၀

  3. AH says:

    ဗထက်ချိုက်လိုက်ပြီ
    ဗထက်ချိုက်လိုက်နေပြီ
    ဗထက်ချိုက်နေပြီ

    ဘယ်ဟာအမှန်တုန်းဗျ

  4. mm thinker says:

    အကုန်သုံးနိုင်ပါတယ်။ အဓိပ္ပာယ် လွဲမသွားပါဘူး

  5. ချမ်းချမ်း says:

    ဗထက်ချိုက်မဟုတ်ပဲ ဗထက်ချိုင့် လို့ပြောတာမဟုတ်ဘူးလားရှင့်.. ဗ ရဲ့ အထက်က ချိုင့်နေလို့ ဗထက်ချိုင့်လို့ မြန်မာစာမှာ ပြောထားပါတယ်…..

Any suggestions? Please leave it here