အေးစေလိုလို့ တရားနာ ပူဇာစအကျိုး
ရင်ထဲ၌ ပရိဒေ၀မီးတောက်လောင်၍ အေးချမ်းလိုသောကြောင့် တရားနာသော အခါတွင် တရားဟောပုဂ္ဂိုလ်က ပါဠိဂါထာဖြင့် “ပူဇာစ ပူဇနေယျာနံ´´စသည် ရွတ်ဆို ဟောပြလေရာ အပူကြောက်သည်၊ ပူဇာစတရားကို ရင်ဆိုင်ရပြန်သည်ဟုဆိုလိုသည်။ မိမိလိုလားရာမရောက်ဘဲ ဆန့်ကျင်ဘက်ပို၍သာ အခြေအနေဆိုးရွားရသည့်အခါတွင် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။