အားနာလျှင် ခါးပါသည်

သူတစ်ပါးကို အားနာလွန်းသဖြင့် မိမိ၏အင်အား၊ ပစ္စည်းကုန်ခမ်းထိပါးရသည်ဟု ဆိုလိုသည်။ အားနာလွန်ကဲမှုကို သတိဖြင့်ဆင်ခြင်ရန် ညွှန်ပြရာ၌သုံးနှုန်းသည်။

1 Comment

  1. sdl says:

    အဲဒီစကားပုံဖြစ်လာတဲ့ ပုံပြင်လေးကို ငယ်ငယ်က ဖတ်ဖူးတယ်…။ သဘောတရားပဲ မှတ်မိတော့တယ်။ အတိအကျတော့ မသိတော့ဘူး ။

    ” တစ်ခါက သူဌေးသား သူငယ်ချင်း ၂ ယောက်ရှိကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်အရမ်းချစ်ခင်ကြလို့ သားသမီးမွေးရင် ကလေးချင်းပေးစားကြမယ်လို့ ကတိထားခဲ့ကြတယ်။ သူတို့အသက်ကြီး၊ အိမ်ထောင်ကျပြီး ကလေးရတဲ့ အခါ ၂ ယောက်လုံး သမီးတွေချည်း ရနေတယ်။ သဌေးကြီး တစ်ယောက်က သူ့သူငယ်ချင်းနဲ့ ကတိ မပျက်ချင်တဲ့ အတွက် သူ့သမီးအရွယ်ရောက်တဲ့ အခါ ယောက်ျားလေးလိုဆင်ပြီး သူ့သူငယ်ချင်းရွာကို မိန်းမယူဖို့ လွှတ်လိုက်တယ်။ ယောက်ျားလေးလို ဝတ်ထားတဲ့ သဌေးသမီးလေးက လမ်းက ညောင်ပင်မှာ ခဏနားတယ်၊ ညောင်ပင်စောင့်ရုက္ခစိုးက ဘာ့ကြောင့် ဒီလိုဝတ်စားလာရသလဲမေးတော့ သဌေးသမီးက အကြောင်းစုံပြောပြပြီး ရုက္ခစိုးကြီးကို အကူအညီတောင်းတယ်။ ဘာအကူအညီလည်း ဆိုတော့ သူ့ရဲ့ ခါးအောက်ပိုင်းနဲ့ ရုက္ခစိုးကြီးရဲ့ ခါးအောက်ပိုင်း ခဏလဲပါရစေ၊ သူ မင်္ဂလာဆောင်ပြီး တစ်လကြာရင် ဆက်ဆက်ပြန်လာလဲပါ့မယ်တဲ့၊ ရုက္ခစိုးကြီးက မလဲချင်ဘူး၊ေ ကာင်မလေးက သူတို့ မိဘတွေ စိတ်ချမ်းသာအောင် လုပ်ပေးချင်လို့ပါ။ သူဆက်ဆက်ပြန်လာလဲပါ့မယ်လို့ တောင်းပန်လို့ ရုက္ခစိုးကြီးက အားနာပြီး သူ့ခါးအောက်ပိုင်းကို သဌေးသမီးလေးကို ခဏငှားလိုက်ပါတယ်။ သဌေးသမီးလေးက သူ့အဖေသူငယ်ချင်းအိမ်ရောက်၊ ဟိုက သဌေးသမီးနဲ့ မင်္ဂလာဆောင်၊ ကလေးတွေရပြီး မိသားစု ဘဝမှာ ပျော်ရွှင်နေလိုက်တာရုက္ခစိုးကြီးရဲ့ခါးကို ပြန်သွားလဲပေးဖို့ လုံးဝ သတိမရတော့ပါဘူးတဲ့…ရုက္ခစိုးကြီးခမျာ အားနာမိလို့ ခါးပါသွားရပါတယ်”

Any suggestions? Please leave it here