လသာတုန်းဗိုင်းငင်
တောအရပ်တွင် မီးခွက်မီးတိုင်များကို အသုံးမပြုဘဲ လရောင်ကိုအသုံးပြု၍ ဗိုင်းငင်တတ်ကြသည်ဖြစ်ရာ လမိုက်ရက်တွင်ဖြစ်စေ၊ လမထွက်လျှင်ဖြစ်စေ၊ ဗိုင်းမငင် နိုင်သဖြင့် လသာခိုက်တွင် အခွင့်ကောင်းယူ၍ ဗိုင်းငင်ပါဟု တိုက်တွန်းသည်။ (လျှပ်စစ်မီးမပေါ်မှီက မီးခွက်နှင့် ၀ါချည်များသည် မီးအန္တရာယ်နီးကပ်သဖြင့် မီးရောင် ဖြင့် ဗိုင်းငင့်အလုပ်မလုပ်ကြခြင်းဖြစ်သည်။) အခွင့်အခါသာခိုက်အလွတ်မခံ၊ အရှုံးမခံ ဘဲ အကျိုးအမြတ်ရှိအောင် ဆောင်ရွက်လုပ်ကိုင်ရန် ညွှန်ကြားရာ၌ သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
လသာတုန်း ဗိုင်းငင် လို့ ထင်ပါတယ်။ ငင့် မဟုတ်ဘူးထင်တယ်
ဒါလည်းစာအုပ်အမှားပဲဗျ။ စာအုပ်ထဲမှာ ဗိုင်းငင့်လို့ရေးထားတယ်။ ကျွန်တော်ပြန်ပြင်လိုက်ပြီ။ ကျေးဇူးကိုဟယ်ရီ။
အခုမြို့မှာလည်း လသာတုန်း ဗိုင်းငင် ရတာပဲ
မှောင်နေလို့