လက်သင့်ရာ စားတော်ခေါ်သည်

ဘုရင်၏ ပွဲတော်ဆောင်တွင် မိဖုရားမောင်းမအသီးသီးချက်ပြုတ်ပို့ဆက်သော ဟင်းပွဲဟင်းရံပေါင်း မြောက်မြားစွာ ပါရှိရာတွင်ဘုရင်သည် မိမိလက်အဆင်သင့်ရာ ပွဲတော်အုပ်ကိုသာ နှိုက်ယူပွဲတော်တည်သည်ဟု ဆိုလိုသည်။ ထိုက်သင့်သော နည်းလမ်းဖြင့် ရွေးချယ်ခြင်းမပြုဘဲ အဆင်သင့်ရာကို အခွင့်အရေးပေးတတ်သည်ကို ရှုတ်ချသောအားဖြင့် သုံးနှုန်းသည်။

Any suggestions? Please leave it here