ရှမ်းနှင့်ဆင် လယ်ပြင်ကျမှ သိမည်
ရှမ်းအမျိုးသားများသည် ဘောင်းဘီအနက် ပွယောင်းယောင်းကို ၀တ်ဆင်လေ့ ရှိရာ ချုံထူထပ်သော တောထဲတွင် ရှမ်းအမျိုးသားများ၏ အောက်ပိုင်းခြေထောက်ကို သာ မြင်သာသည့်အခါ ရှမ်းဖြစ်မည်။ ဆင်ဖြစ်မည်မသိသာဘဲ ချုံနွယ်တောစပ် ကင်း လွတ်ရာ လယ်ပြင်သို့ရောက်မှ ရှမ်းနှင့်ဆင်ကို ကွဲကွဲပြားပြား သိရှိရသည်ဟု ဆိုလိုသည်။ လူနှစ်ဦး၏ အရည်အချင်းအစွမ်းအစကို သိနိုင်လောက်သော အခြေအနေ မရှိသောအခါ သိနိုင်လောက်သော အခြေအနေသို့ရောက်မှ ကွဲပြားစွာသိရှိရမည်ဟု ကြိုတင်၍ အခါအခွင့်မှန်းဆ ထုတ်ဖော်လိုသည့်အခါတွင် သုံးနှုန်းသည်။
(အချို့က ရှမ်းနှင့်ဆင် တိုက်ခိုက်သတ်ပုတ်ခြင်းကို အရှုံးမနိုင်အကဲဖြတ်ရန် ရည်ရွယ်ဆိုလိုခြင်းဖြစ်သည်ဟု ထင်မှတ်တတ်ကြသည်။)
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။

ရှမ်းနှင့်ဆင် လယ်ပြင်မှာ တွေ့ပြီ။ ဆိုတဲ့ စကားပုံ ရှိပါသေးတယ်။ အင်းတော်ကြီးဖက်က ရှမ်းတွေက ဆင်ဖမ်းတဲ့ လူတွေပါ။ ဆင်ဖမ်းတဲ့ ရှမ်းနဲ့ ဆင်နဲ့ တောထဲ မတွေ့ဘဲ။ လယ်ပြင်မှာ တွေ့တဲ့အခါ ဘယ်သူစွမ်းမစွမ်း ကြည့်ကြသေးတာပေါ့၊ ဆိုတဲ့ သဘောနဲ့
အပြိုင်အဆိုင် ကိစ္စတွေ တေ့တေ့ဆိုင်ဆိုင် ရှောင်လွှဲမရဘဲ ကြုံတဲ့အခါ။ သူနိုင်ကိုယ်နိုင်
အကဲစမ်းပွဲ ပေါ်တဲ့အခါ “ရှမ်းနှင့်ဆင် လယ်ပြင်မှာ တွေ့ပြီ။” ဆိုပြီး သုံးကြပါတယ်။
[...] ရှမ်းနှင့်ဆင် လယ်ပြင်ကျမှ သိမည် [...]