မြင်းကိုစီးလို့မှ အထီးမှန်းအမမှန်းမသိ
မိမိစီးသောမြင်းသည် မြင်းထီးဖြစ်သည်။ မြင်းမဖြစ်သည်ကိုပင် သတိမထားမိဟု ဆိုလိုသည်။ မိမိလုပ်ကိုင်ဆက်ဆံသော လုပ်ငန်းနှင့်ပတ်သက်၍ သိသင့်သတိပြုသင့် သည်ကိုမသိ၊ သတိမပြုဘဲရှိသောအခါတွင် ရှုတ်ချသောအားဖြင့် သုံးနှုန်းသည်။