မစားရက်လောက်တက်သည်
အစားအစာကို နှမြောသဖြင့် အချိန်အခါနှင့်မစားဘဲ ထားခဲ့သော်အချိန်လွန်၍ အစားအစာပျက်စီး၍ မှိုတက်၊ လောက်တက်တတ်သည်ဟုဆိုလိုသည်။ အချိန်အခါနှင့် ပြုလုပ်သင့်သောအလုပ်ကို မတိုင်းမဆမလုပ်မိသဖြင့် ပျက်စီးဆုံးရှုံးရသည်ကို ရည်ရွယ် ၍ သုံးနှုန်းသည်။ နှမြောလွန်သူများကို အခါနေရာနှင့်လျော်စွာ အသုံးပြုက အချည်း အနှီးဖြစ်စေတတ်ကြောင်း သတိပေးသည့်အနေဖြင့်လည်း သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။