ပန်းထိမ်မတတ်ခင်၊ ရွှေခိုးသင်

ပန်းတိမ်အတတ်ကိုသင်ရာတွင် ပန်းတိမ်ပညာကို ကောင်းစွာမတတ်မီက ရွှေကို မည်သို့ခိုးယူရမည်ကို ကျော်လွှား၍ သင်ကြားလေ့လာသည်ဟုဆိုသည်။ လုပ်သင့်လုပ် ထိုက်သည့်အလုပ်ကို မလုပ်မီနောက်တစ်ဆင့်ဖြစ်သည့် အလုပ်ကိုကျော်လွှား၍ လုပ်ကိုင်ခြင်းမျိုးကိုအပြစ်တင်၍ သုံးနှုန်းသည်။

5 Comments

  1. ကျွန်တော်သိထားသလောက်ကတော့ ပန်းထိမ်မတတ်ခင်၊ ရွှေပိုး သင် ပါ
    ပန်းထိမ်လုပ်ရင် ရွှေကိုလိုချင်တဲ့အလေးချိန်ထက် ပိုးပြီးလုပ်ရပါတယ်
    ဥပမာ – ၁ ကျပ်သားလိုချင်ရင် ၁ ကျပ် ၁ ရွေးသားနဲ့ လုပ်မှ အလေအလွင့်နဲ့ ၁ ကျပ်သား ကျန်မှာပါ
    ဒါကြောင့် ပန်းထိမ်မသင်ခင် ရွှေကို ပိုးတတ်ဖို့အရင်သင်တဲ့သဘောပါ

    ဒါကျွန်တော်သိထားတာပါ မှားရင်လည်း မှားနေနိုင်ပါတယ်

    • mmproverb says:

      ကျွန်တော်သိထားတာကတော့ ဒီအပေါ်ကအတိုင်းပဲဗျ။ ပန်းထိမ်မတက်ခင်၊ ရွှေခိုးသင်ပေါ့။ ဒါပေမဲ့ အကိုပြောတာလဲဖြစ်နိုင်ပါတယ်။ စကားပုံတွေက ကာလဒေသနဲ့အလျှောက် ကွဲပြားမှု့ရှိတယ်ဆိုတော့။ ကျေးဇူး ဗျာ။

    • ကိုခိုင် says:

      ပန်းထိမ်မတတ်ခင် ရွှေပိုးသင်ဆိုတာ ဖြစ်နိုင်တယ် 
      ကာလရွေ့လျောလာလို့သာ ပန်းထိမ် မတတ်ခင် ရွှေခိုးသင်ရယ်လို့ လူသိများလာတာ
      ဘယ့်နှယ်ဗျာ မြန်မာမှု ပန်း(၁၀)မျိုးမှာ ပန်းထိမ်ဆရာကြမှ သူခိုးရိုးစွပ်ရတယ်လို့
      ပညာနာတာပေါ့

  2. ကိုထိုက် says:

    ကျွန်တော်ပြောချင်ပါတယ်…ခွင့်ပြုပါ
    စကားပုံအမှန်ကပန်းတိမ်မတတ်ခင် ရွှေခို သင်ပါ။ ခိုးတာမဟုတ်ပါဘူး
    ပန်းတိမ်စသင်ပါကမိမိလုပ်မည့်ပစ္စည်းကို( ခို )
    ပြီး…(ပိုး)ပြီးလုပ်ဆောင်မှု့ကိုစသင်ရခြင်းဖြစ်ပါသည်..။

Any suggestions? Please leave it here