နွားကွဲ ကျားကိုက်သည်
နွားများသည် အစုလိုက် အအုပ်လိုက်နေသောအခါ ကျားသည် ရုတ်တရက် ၀င်ရောက်တိုက်ခိုက်ရန် မ၀ံ့စေကာမူ နွားများတစ်ကောင်ချင်း ကွဲပြားနေသောအခါ ကျားက အလွယ်တကူဝင်၍ ကိုက်နိုင်သည်ဟုဆိုလိုသည်။ စည်းလုံးညီညွှတ်မှုပျက်ပြား သောအခါ အန္တရာယ်ရောက်လွယ်တတ်သည်ကို သတိပေး၍ သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
နွားကွဲ ကျားကိုက်သည် ဖြစ်ပါတယ် … Typo ပါပဲ။
မူကွဲက နွားကွဲလျှင် ကျားဆွဲမည် လို့လဲ ကြားဖူးပါတယ်။
ပြင်လိုက်ပြီခင်ဗျ။ ကျေးဇူး ကိုဟယ်ရီ။