ဒူးနေရားဒူး တော်နေရာတော်
ရှေးအခါတုန်းက နန်းတော်တွင် ခစားကြသူများမှာ မိမိအဆင့်အတန်းအလိုက် ရရှိသောနေရာတွင်သာ ခစားကြရလေရာ တော်၊ ဒူး၊ စနည်း၊ အတွင်းဘဝေါ၊ အပြင် ဘဝေါဟူသော နေရာငါးသွယ်တွင် ဒူးနေရာရသူသည် သေဉ်မနေရာတွင် ခစားရပြီး၊ တော်နေရာရသူသည် ကွမ်းစင်နေရာတွင်၊ မိမိရသည့် အဆင့်အတန်းနေရာအလိုက် ညီညွတ်အောင် ခစား ရသည်ဟုဆိုလိုသည်။ အရာဌာန၊ အခွင့်အခါနှင့် အပ်စပ်လျော် ညီအောင် နေထိုင်၊ ၀တ်စား၊ သုံးနှုန်းဆက်ဆံတတ်စေရန် သတိပေးသည့်အနေဖြင့် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
