ဆေးမူး ထုံးပေါက် နှစ်မှုရောက်
ကွမ်းမစားတတ်သောသူသည် အလေ့အကျင့်မရှိဘဲနှင့် အတတ်စမ်း၍ ကွမ်းကို စားမိရာ ကွမ်းတစ်ခါစားရုံနှင့် ဆေးကလည်းမူးသေး ထုံးကလည်းပေါက်သေးနှင့် ဒုက္ခ နှစ်မျိုး၊ အမှုနှစ်မျိုးရောက်ရသည်ဟုဆိုလိုသည်။ မိမိမကျွမ်းကျင် မနိုင်နင်းသောအလုပ် မျိုးကို စွန့်စား၍မလုပ်သင့်ကြောင်း တားမြစ်၍ဆိုသည်။ အပြစ်တစ်ခုပြုလုပ်မိရာမှ နှစ်မှု သင့်ရောက်ရသည့်အခါမျိုးတွင်လည်း ခိုင်းနှိုင်းဆိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။