ဆံထုံးတုံးတတ် ဆီစိုက်ရ

ဆံထုံးကောင်းမွန်စွာ ထုံးပေးတတ်သူထံသို့ ဆံထုံးထုံးခံရန် အမျိုးသမီးများလာ တတ်ကြသည်ဖြစ်ရာ ဆံထုံးထုံးပေးရသောသူသည် ဆံပင်များကို ရှင်းရာ၍ ဆီလိမ်း ပေးရသည်ဖြစ်သဖြင့် မိမိအတတ်နှင့်မိမိအိမ်မှ ဆီကိုစိုက်၍ ထုံးပေးလိုက်ရသည်ဟုဆို လိုသည်။ တစ်စုံတစ်ရာတတ်မြောက်ခြင်းဖြင့် ထိုသို့တတ်မြောက်သည့်အတွက် မိမိ၌ ထိခိုက်ပင်ပန်းခြင်းဖြစ်လာရသည့်အခါတွင်လည်းကောင်း၊ ဆံထုံးလည်းထုံးပေးရ၊ ဆီ လည်း စိုက်ပေးရ၊ စသည်ဖြင့် နှစ်ဖက်နှစ်သွယ်၊ နစ်နာမှုခံစားရသည့်အခါတွင်လည်း ကောင်းသုံးနှုန်းသည်။

1 Comment

  1. gennie says:

    စကားပုံမှာ ဆံထုံး(တုံး) ဖြစ်နေပါတယ်။

Any suggestions? Please leave it here