ဆိုလေသဲလေ မန်းလေပြဲလေ
ကလေးငယ်အား တားမြစ်လိုရာ၌ မာန်မဲပြောဆိုသော်လည်း ခေါင်းမာသော ကလေးငယ်သည် နားမထောင်ပဲ ဆိုကာမှပို၍သဲလာတတ်သည်။ အနာကိုကျက်စေ လို၍ဂါထာမန်းမှုတ်ရာတွင်လည်း ဂါထာမစွမ်းရုံသာမက မန်းမှုတ်ရင်းပင် အနာကပြဲ ထွက်လာသည်ဟုဆိုလိုသည်။ အကျိုးမပြီးစီးရုံသာမက ပို၍ပင် အခြေအနေဆိုးရွားလာ သည့်အခါတွင်ဖြစ်စေ၊ ပြောဆိုဟန့်တားပါမှ ပို၍အရွဲ့တိုက်ကာ ပိုမိုဆိုးသွမ်းသည့်အခါ တွင်ဖြစ်စေ သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
“ပြောလေကဲလေ မန်းလေပြဲလေ” ဆိုတဲ့ မူကွဲရှိပါတယ်။ အဓိပ္ပာယ်အတူတူပါပဲ
“ပြောလေကဲလေ မန်းလေပြဲလေ” ကသာ အမှန်ဖြစ်ပါတယ်ရှင်။
မူကွဲတောင်မဟုတ်ပဲ မူးရင်းသာဖြစ်ပါတယ်၊
“ကဲ တယ်” ဆိုတာ လွန်ကဲတယ် ပိုမိုသာလွန်လာတယ် တိုးတက်မြင့်မားလာတယ် ဆိုတဲ့အဓိပါယ်တစ်မျိုးတစ်စားတည်းသာ ထွက်ပြီး ချိုးနှိမ်တားဆီးထားတဲ့ကြားက ဇွတ်ရှေ့တိုးဖြစ်ပေါ်လာတဲ့ အပြုအမူတစ်ရပ်
“သည်း” ကတော့ သည်းထန်၊ သည်းသည်းလှုပ် စသည်ဖြင့် ပုံမှန်ထက် ပိုမိုသာလွန်တဲ့သဘောများသာပါဝင်ပြီး တားမြစ်တားဆီးထားသည့်ကြားမှ တိုးလာသောသဘော မပါရှိပဲဖြစ်နေပါတယ်။