စိုပြီးသောလက်ကို မခြောက်စေနှင့်

စိုစွတ်ပြီးသော အခက်အလက်ကို  ခြောက်သွေ့မသွားစေအောင် ကြပ်မတ်ဂရု စိုက်လျက် အမြဲစွတ်စိုနေအောင် သတိပြုပါဟုဆိုလိုသည်။ ခင်မင်ရင်းနှီးပြီးသောမိတ် ဆွေ အပေါင်းအသင်းများနှင့် ခင်မင်မှုပျက်တောက်စိမ်းကားမသွားလေအောင် ခင်မင် ပြီးသူကို အစဉ်အဆက်ခင်မင်နိုင်အောင် ကြိုးစားပါဟုဆိုလိုသည်။

3 Comments

  1. pN says:

    စာလုံးပေါင်းအမှန်က အခက်အလတ် မဟုတ်ဘဲ အခက်အလက် ဖြစ်မယ် ထင်မိတယ်။
    ကျေးဇူးပါ။

    • mmproverb says:

      ဟုတ်ကဲ့အကိုရေ … Typo ပါခင်ဗျ။ ကျွန်တော်အခုပဲပြင်လိုက်ပါပြီ။ ကျေးဇူး။

  2. AH says:

    မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဌာန၏ ဆောင်ပုဒ်ဖြစ်တယ် လို့ အောက်ကနေ မှတ်ချက်လို ဟာမျိုးလေးတွေ ထည့်ပေးနိုင်ရင် ကောင်းမှာဗျ

Any suggestions? Please leave it here