ခလုတ်ထိမှ အမိတ

ဘေးအန္တရာယ် မရှိသေးစဉ်အခါက မိဘကျေးဇူးကို သတိမရဘဲ ဘေးဒုက္ခတစ်စုံ တစ်ခု ကြုံတွေ့သောအခါတွင်မှ `အမယ်လေး အဖလေး´စသည်ဖြင့် မိဘကို အားကို ရာအဖြစ် တမ်းတမြည်တမ်းတတ်ကြသည်ဟု ဆိုလိုသည်။ ကြိုတင်သတိမူ ဆင်ခြင်ခြင်းမရှိဘဲ ဖြစ်လာသောအခါတွင်မှ နောင်တရခြင်း၊ ပူပန်ခြင်းဖြစ်ရတတ်ပုံကို ရှုတ်ချ၍ သုံးနှုန်းသည်။

4 Comments

  1. mm thinker says:

    ခေါင်းစဉ် – ခလုတ် လို့ထင်ပါတယ်။

    • mmproverb says:

      ကျေးဇူးပါခင်ဗျ။ ဟုတ်ပါတယ် ။ Typo ပါ။ ပြင်လိုက်ပါပြီ။

  2. ရန်ဦး says:

    အချိန်၏တန်ဖိုးကို ပြသောစကားပုံတစ်ခုလဲဖြစ်ပါတယ်
    နီးစပ်သောစကားပုံများ
    မိုးလွန်မှ ထွန်ချ
    သူခိုးပြေးမှ ထိုးကွင်းထ
    ကလေးကျမှ လှေကားထောင်
    ရန်သူပြန်မှ ဒူးလေးပြင်

  3. soesoe says:

    အေးဒီ စကားလုံကတော ခလုတ်ထိ မှ အမိတ ဆိုတာကတော ကျွန်တော်ကတော့  အေလိုယူဆပါတယ် အနန္တော အနန္တ ငါးကို အမြဲ သတိထားစေလို ကြောင်ညွန်ပြတယ်လို ယူဆပါတယ်

Any suggestions? Please leave it here